အဓိကအကြောင်းရင်းများ

စေတနာ့၀န်ထမ်းဖြစ်ပါ၀င်ကူညီရန်

ထိရောက်သောအပြုသဘောလှုပ်ရှားမှုမျိုးကို ကျွန်တော်တို့ဆောင်ရွက်ပေးပါသည်။ အချိန်မှန်၊ နေရာမှန်၊ ဆုံးဖြတ်ချက်အမှန်နဲ့ ဒီနေရာကိုသင်ရောက်လာတာပါ။ လူမှုပတ်၀န်းကျင်ကိုကူညီဖို့ ကျွန်ုပ်တို့နဲ့ အတူပါဝင်ကူညီမယ်လို့ယုံကြည်ပါတယ်။

ဆက်သွယ်လိုက်ပါ

အကျိုးအမြတ်မယူသောအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအကြား ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ဆောင်ရွက်ပါသည်။

အချက်အလက်ရယူပါ

လူမှုရေး အဖွဲ့အစည်းများမှ လိုအပ်နေသော စေတနာ့၀န်ထမ်းခေါ်ယူခြင်းကို နေ့စဥ်ဖေါ်ပြပေးနိုင်ခြင်း။

ကျွန်ုပ်တို့ဟာဘယ်သူတွေလဲ?

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ကွန်ရက်အခြေပြုအကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး Khiri Travel Myanmar ၏၀န်ထမ်းများမှ ၂၀၂၀ ဧပြီလ၊ ကိုဗစ်-နိုင်တင်း ကူးစက်ရောဂါကာလ အတွင်း စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းများခေတ္တ ရပ်တန့်နေချိန်တွင် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများစွာအတွက် စေတနာ့ဝန်ထမ်းများထံမှ လိုအပ်သော လူမှုရေးလှုပ်ရှားမှု အကူအညီများရယူနိုင်စေရန် ရေရှည်တည်တံ့စေမည့် လူမှုစီးပွားရေးလုပ်ငန်းပုံစံ တစ်ခုကိုစတင်ရန်ဆုံးဖြတ်ခဲ့ကြသည်။

ကျွန်တော်တို့ကို ဘယ်လိုကူညီ ထောက်ပံ့နိုင်မလဲ

လူမှုရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းဖြစ်သောကြောင့် အသေးသုံးစရိတ်များနှင့် ဝက်ဘ်ဆိုဒ်ဆိုင်ရာ အသုံးစရိတ်များ ပေးရန်လိုအပ် ပြီး ရေရှည်ရပ်တည်နိုင်ရန်လိုအပ်ပါသည်။ Khiri Reach မှရန်ပုံငွေ ကျပ်ဆယ်သိန်းမတည်၍ နိုင်ငံတကာအဖွဲ့ အစည်းများ၏ ငွေကြေးထောက်ပံ့မှုနှင့် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့များဖြင့် လည်ပတ်နိုင် ရန်ကြိုးစားနေပါသည်။ မြန်မာနိုင်ငံရှိ သက်ဝင်လှုပ်ရှားနေပြီ ဖြစ်သော စေတနာ့ဝန်ထမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေရှည်အထောက်အပံ့ဖြစ်နိုင်ရန် နယ်ပယ်အသီးသီးမှ လှူဒါန်းငွေများကိုလဲ ကြိုဆိုပါသည်။ စေတနာ့ဝန်ထမ်းလုပ်ဆောင် နိုင်ရန်အတွက် အချိန်အားဖြင့်မပေးနိုင်သော ကျွန်ုပ်တို့၏ နိုင်ငံတကာ ခရီးသွားဧည့်သည်တော်များထံမှလည်း အလှူငွေများ လက်ခံပါသည်။ လှူဒါန်းငွေများကို Crowdfunding စာမျက်နှာများမှ (သို့)  ကျွန်ုပ်တို့၏ မီဒီယာ စာမျက်နှာများမှ တဆင့်သော် ၎င်း ပြည်တွင်းဘဏ်များ နှင့် ယုံကြည်စိတ်ချရသောငွေလွှဲ လုပ်ငန်းများမှသော်၎င်း တဆင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

Donate Here

Volunteer တစ်ယောက်ဖြစ်ချင်သလား

အတူတူကူညီကြမယ်

သင့်အဖွဲ့အစည်းအတွက် အကောင်းဆုံးစေတနာ့ဝန်ထမ်းများကိုရှာပါ

လိုအပ်သည့်အချိန်၊ လိုအပ်တဲ့နေရာများအတွက် အရည်အချင်းပြည့်မီသောစေတနာ့ဝန်ထမ်းများနှင့်ဆက်သွယ်လိုက် ပါ။

ကျွန်ုပ်တို့ဘလော့

စေတနာ့၀န်ထမ်းဖြစ်ပါ၀င်ကူညီရန်

ထိရောက်သောအပြုသဘောလှုပ်ရှားမှုမျိုးကို ကျွန်တော်တို့ဆောင်ရွက်ပေးပါသည်။ အချိန်မှန်၊ နေရာမှန်၊ ဆုံးဖြတ်ချက်အမှန်နဲ့ ဒီနေရာကိုသင်ရောက်လာတာပါ။ လူမှုပတ်၀န်းကျင်ကိုကူညီဖို့ ကျွန်ုပ်တို့နဲ့ အတူပါဝင်ကူညီမယ်လို့ယုံကြည်ပါတယ်။