တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့
၁၊၊ လိုအပ်သည့် စေတနာ့၀န်ထမ်းဦးရေ
စေတနာ့၀န်ထမ်း (၅) ယောက်လိုအပ်ပါတယ်၊၊ အထူးသဖြင့် တိရိစ္ဆာန်ချစ်သူ၊ မကြောက် တတ်သူ၊ စိတ်ရှည်တတ်သူသာဖြစ်ရပါမယ်၊၊
၂၊၊ အလုပ်တည်နေရာ
အမှတ် (၁၃/၅) ၊ ရွှေနံသာအုပ်စု၊ လေးထောင့်ကန်စံပြကျေးရွာအုပ်စု၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ ဂိတ်ဟောင်းမှတ်တိုင်၊ လန်ဒန်စက်ရုံရှေ့တည့်တည့်က စင်္ကာပူ ဓမ္မရောင် ခြည်သို့မြှားပြထားသော လမ်းထဲငါးမိနစ် ခန့်ကားမောင်း၀င်ရင် ရောက်ပါတယ်၊၊ လမ်းထိပ်မှာ Golden Heart Animals Rescue လမ်းညွှန်မြှားလေးတွေရှိပါတယ်၊၊ YBS ၃၅၊ ၃၆ ရောက်ပါတယ်၊၊ လန်ဒန်ဂိတ်ဟောင်းမှတ်တိုင်မှာ ဆင်းပြီး အထဲကို ဆိုင်ကယ် ကယ်ရီ စီးလာရင်လည်းရပါတယ်၊၊ ကယ်ရီခမှာ တစ်ဦးလျှင် အသွား ၅၀၀၊ အပြန် ၅၀၀ ကျပ်ဖြစ်ပါ တယ်၊၊ ခွေးခြံကိုပို့ပေးပါဆိုရင် လူတိုင်းသိပါတယ်တဲ့ဗျာ၊၊ အလုပ်ကတော့ deep cleansing သန့်ရှင်းရေး အသေအချာလုပ်မှာဖြစ်လို့ ခြံမှာလုပ်အားပေးမှသာ အဆင်ပြေမှာပါ၊၊ မြို့ထဲကနေ လာမယ်ဆိုရင် ကားစီ စဉ်ပေးနိုင်ပါတယ်၊၊
၃၊၊ ရာထူး၏ရည်ရွယ်ချက်
Deep cleansing အတွက်ရည်ရွယ်တာကတော့ ဒုက္ခိတခွေးလေး ကြောင်လေးတွေ ကျန်းမာရေး စောင့်ရှောက်မှုပိုကောင်းလာစေရန်ရည်ရွယ်ပါတယ်၊၊ ခုလိုလုပ်အားပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ပတ်၀န်းကျင်ကိုဖန်တီးပေးနိုင်ရန်၊ စိတ်ချမ်းသာခြင်း၊ ဂိလာန တိရိစ္ဆာန်လေး များလည်း လေကောင်းလေသန့်ရခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေနိုင်ရန် ရည်ရွယ်ပါတယ်၊၊
၄၊၊ တာဝန်ဝတ္တရားများ
လုပ်ဆောင်ရမှာကတော့ ရေနွေးဖြင့်ပိုးသတ်ခြင်း၊ ဆပ်ပြာဖြင့်ဆေးကြောခြင်း၊ အဆောင်များအတွင်းရှိ လှောင်အိမ်များအောက်မှ အမှိုက်များရှင်းလင်းခြင်း၊ ခြံအတွင်း အမှိုက်ကောက်ခြင်း၊ ပစည်းအချို့ရွှေ့ပြောင်းခြင်းတို့ဖြစ်ပါတယ်၊၊
၅၊၊ လိုအပ်သော အရည်အချင်းများ
အမှိုက်များ၊ အညစ်အကြေးများ ဆေးကြော ရှင်းလင်းပေးရမှာဖြစ်လို့ ၊ ရွံတတ်သူ၊ နှလုံး၊ အဆုတ်မကောင်းသူတွေ အတွက် အဆင်မပြေပါဘူး၊၊ ကျန်းမာ ကြံ့ခိုင်၊ တိရိစ္ဆာန်ချစ်ပြီး စိတ် ရှည်တတ်သူဖြစ်ရပါမယ်၊၊ ပညာအရည်အချင်း ကန့်သက်ချက်မရှိပါဘူး၊၊
၆၊၊ လုပ်ငန်းစမည့် နေ့ရက် ၊ အချိန်
လုပ်အားပေးချိန်မှာ ညနေ(၃)နာရီမှ (၅) နာရီအတွင်း
တစ်ပတ်လျှင် တနင်္လာနဲ့ သောကြာ (၂) ရက်
၈၊၊ လုပ်ဆောင်ရန် သတ်မှတ်ကြာမြင့်ချိန်ချိန်
သန့်ရှင်းရေးကာလမှာ မေ၊ ဇွန် (May, June) နှစ်လဖြစ်ပြီး၊ အပတ်စဉ် တနင်္လာနေ့နဲ့ သောကြာနေ့ ညနေ (၃) နာရီမှ (၅) နာရီအထိ အလုပ်ချိန် (၂) နာရီလုပ်အားပေးရမှာဖြစ် ပါတယ်၊၊ အိမ်ကနေ အ၀တ်အစား အကြမ်းတစ်စုံလောက်ယူခဲ့ဖို့တော့လိုပါတယ်၊၊ စေတနာ့၀န် ထမ်းအတွက်လိုအပ်တဲ့ မတ်စ်က် (Mask), လက်အိတ် (Glove) တို့ကို ခြံမှတာ၀န်ယူပေး မှာဖြစ်ပါတယ်၊၊
၇၊၊ လေ့ကျင့်ရေး
စေတနာ့၀န်ထမ်းများနဲ့အတူ ခြံမှကျွမ်းကျင်၀◌န်ထမ်းများပါ အတူလုပ်ဆောင်ကြမှာဖြစ်လို့ သီးသန့် လေ့ကျင့်ပေးစရာမလိုပါဘူး
၈၊၊ ၀န်ထမ်းခေါ်ယူရန် နောက်ဆုံးသတ်မှတ်အချိန်
မေလကုန်အထိပါပဲ
၉၊၊ ဆက်သွယ်ရန်
KuMel Volunteer Connection
09 420 738 934
Animals Shelter
– Title: Strays dog’s nursing home.
- Organization Name: Golden Heart Animals Rescue Yangon.
- Purpose: To create a better environment animals being thrown away and became handicap.
- Responsibilities: For cleaning the dog’s nursing home, feeding, and taking care of handicapped dogs.
- Qualifications: Animals lover
- Set time: Starting from 15:00 to 17:00 on every Monday and Friday.
- Start date: Only in May & June
- Number of volunteers: No limitation
- Contact: 09420738934
We share with heart, we care with love.
#SupportKumel: https://gf.me/u/x5y233
#KuMelVolunteerConnection
#ကူမယ်
#Myanmar