၁၊၊ အဖွဲ့အစည်းအမည်
Gold Gold သနားစရာ့လေလွင့်ကြောင်လေးများShelter
၂၊၊ လိုအပ်သည့် စေတနာ့၀န်ထမ်းဦးရေ
အကန့်အသတ်မရှိပါ။ အထူးသဖြင့် တိရိစ္ဆာန်ချစ်သူ၊ မရွံတတ်သူ၊ ကြောင်နံ့ခံနိုင်သူ၊ မကြောက်တတ်သူ၊ စိတ်ရှည်တတ်သူသာဖြစ်ရပါမယ်၊၊
၃၊၊ အလုပ်တည်နေရာ
သန်လျင် ကျိုက်ခေါက်ဘုရားအကျော်၊ ဘုရားကုန်းလမ်းဆုံ ရောက်ရင်၊ သုခစံ လ္ဘက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်ကယ်ရီများကို ကြောင်ခြံ လမ်းပြလိုက်ပို့ပေးပါဆိုရင် ရပါတယ်ရှင့်။
၄၊၊ ရည်ရွယ်ချက်
ဒုက္ခိတ ကြောင်လေးတွေ ကျန်းမာရေး စောင့်ရှောက်မှုပို ကောင်းလာစေရန်ရည်ရွယ်ပါတယ်၊၊ ခုလိုလုပ်အားပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ပတ်၀န်းကျင်ကိုဖန်တီးပေးနိုင်ရန်၊ စိတ်ချမ်းသာခြင်း၊ ဂီလာန တိရိစ္ဆာန်လေးများလည်း လေကောင်းလေသန့်ရခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေနိုင်ရန် ရည်ရွယ်ပါတယ်၊၊
၅၊၊ တာဝန်ဝတ္တရားများ
လုပ်ဆောင်ရမှာကတော့ ကြောင်များအစာကျွေးခြင်း။ Deep cleansing အတွက်လှောင်အိမ်များအောက်မှ အမှိုက်များရှင်းလင်းခြင်း၊ ခြံအတွင်း အမှိုက်ကောက်ခြင်း၊ ပစ္စည်းအချို့ရွှေ့ပြောင်းခြင်းတို့ ဖြစ်ပါတယ်၊၊
၆၊၊ လိုအပ်သော အရည်အချင်းများ
အမှိုက်များ၊ အညစ်အကြေးများ ဆေးကြော ရှင်းလင်းပေးရမှာဖြစ်လို့ ၊ ရွံတတ်သူ၊ နှလုံး၊ အဆုတ်မကောင်းသူတွေ အတွက် အဆင်မပြေပါဘူး၊၊ ကျန်းမာ ကြံ့ခိုင်၊ တိရိစ္ဆာန်ချစ်ပြီး စိတ်ရှည်တတ်သူဖြစ်ရပါမယ်၊၊ ပညာအရည်အချင်း ကန့်သက်ချက်မရှိပါဘူး၊၊
၇၊၊ လုပ်ငန်းစမည့် နေ့ရက် ၊ အချိန်
လုပ်အားပေးချိန်မှာ မနက် (၉)နာရီမှ (၄) နာရီအတွင်း
ယခုပို့စ်တင်သည့်ရက်မှစ၍ စေတနာ့ဝန်ထမ်းများ ခေါ်ယူပါမည်။
၈၊၊ လုပ်ဆောင်ရန် သတ်မှတ်ကြာမြင့်ချိန်
မည်သည့်ရက်မဆို ပိတ်ရက်မရှိ၊ မိမိအားလပ်ချိန်များတွင်သွားရောက် လုပ်ကိုင်နိုင်ပါသည်။
ရည်ရှည်လက်တွဲလုပ်ကိုင်နိုင်သူ ဖြစ်ပါကပိုအဆင်ပြေပါသည်။ ဥပမာ – အပတ်စဉ်လာပြီးကူညီပေးတာလိုမျိုးပေါ့။
အိမ်ကနေ အ၀တ်အစား အကြမ်းတစ်စုံလောက်ယူခဲ့ဖို့တော့လိုပါတယ်၊၊ စေတနာ့၀န်ထမ်းအတွက်လိုအပ်တဲ့ မျက်နှာဖုံး (Mask), လက်အိတ် (Glove) တို့ကို ခြံမှတာ၀န်ယူပေးမှာဖြစ်ပါတယ်၊၊ ခြံမှ ကော်ဖီနှင့်မုန့် များကျွေးပါသည်။
၉၊၊ လေ့ကျင့်ရေးသင်တန်း
စေတနာ့၀န်ထမ်းများနဲ့အတူ ခြံမှကျွမ်းကျင်၀န်ထမ်းများပါ အတူလုပ်ဆောင်ကြမှာဖြစ်လို့ သီးသန့် လေ့ကျင့်ပေးစရာမလိုပါဘူး။
၁၀၊၊ ဆက်သွယ်ရန်
KuMel Volunteer Connection
09 420 738 934
—————————————————————————————
- Organization Name
“Gold Gold” Cat Shelter
- Number of volunteers
No limitation
- Location
Gold Gold Cat Shelter, Between Kyaik Khauk Pagoda and Nat Sin Tayar Monastery, Thanlyin Township, Yangon.
- Purpose
To create a better environment, animals being thrown away, and have a healthy life for handicapped animals.
- Responsibilities
For cleaning the cat’s nursing home, feeding and taking care of the handicap cats.
- Qualifications
Must be animal lover, must be patient and not fit for the people who cannot stand the bad smell
- Set date and time
Can apply now and volunteer time is from 9:00 to 16:00
- Commitment Expected
No Limitation (You can share with your time as much as you can, prefer to work for long-term; Example: helping every Saturday and Sunday)
Remark: Need to bring extra clothes because you will have to do cleaning and caring for the cats. They’ll provide Mask, Glove, Coffee and snacks.
- Training
Training will be provided by the current senior worker.
- Contact
KuMel Volunteer Connection
09 420 738 934
We share with heart, we care with love.
#SupportKumel: https://gf.me/u/x5y233
#KuMelVolunteerConnection
#ကူမယ်
#Myanmar