၁။ အဖွဲ့အစည်းအမည်
Discovery Highlight Team (Animals Shelter) Nyaung Shwe
၂၊၊ လိုအပ်သည့် စေတနာ့၀န်ထမ်းဦးရေ
အကန့်အသတ်မရှိပါ။
၃၊၊ အလုပ်တည်နေရာ
ထပ်အိမ်ရွာ၊ ညောင်ရွှေ၊ ရှမ်းပြည်တောင်ပိုင်း။ တောင်ကြီးရောက်သည့် မည်သည့်ကားမဆို စီးနိုင်ပါသည်။ ညောင်ရွှေမှာဆင်းပြီး ၅မိနစ်လောက်ကားစီးလိုက်ရုံဖြင့် ဂေဟာလေးကိုရောက်ပါပြီ။
၄၊၊ ရည်ရွယ်ချက်
ရည်ရွယ်တာကတော့ ဒုက္ခိတခွေးလေး ကြောင်လေးတွေ ကျန်းမာရေး စောင့်ရှောက်မှုပိုကောင်းလာစေရန်ရည်ရွယ်ပါတယ်၊၊ ခုလိုလုပ်အားပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ပတ်၀န်းကျင်ကိုဖန်တီးပေးနိုင်ရန်၊ စိတ်ချမ်းသာခြင်း၊ ဂိလာန တိရိစ္ဆာန်လေး များလည်း လေကောင်းလေသန့်ရခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေနိုင်ရန် ရည်ရွယ်ပါတယ်၊၊
၅၊၊ တာဝန်ဝတ္တရားများ
လုပ်ဆောင်ရမှာကတော့ ခွေးလေးတွေနေဖို့အတွက် ခြံချဲ့တာကူလုပ်ပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊
အညစ်အကြေးများ ဆေးကြော ရှင်းလင်းပေးခြင်း၊ အဆောင်များအတွင်းရှိ လှောင်အိမ်များအောက်မှ အမှိုက်များရှင်းလင်းခြင်း၊ ခြံအတွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ အစာကျွေးခြင်း စသည်တို့ဖြစ်ပါတယ်၊၊
၆၊၊ လိုအပ်သော အရည်အချင်းများ
အမှိုက်များ၊ အညစ်အကြေးများ ဆေးကြော ရှင်းလင်းပေးရမှာဖြစ်လို့ ၊ ရွံတတ်သူ၊ နှလုံး၊ အဆုတ်မကောင်းသူတွေ အတွက် အဆင်မပြေပါဘူး၊၊ ကျန်းမာ ကြံ့ခိုင်၊ တိရိစ္ဆာန်ချစ်ပြီး စိတ် ရှည်တတ်သူဖြစ်ရပါမယ်၊၊ ပညာအရည်အချင်း ကန့်သက်ချက်မရှိပါဘူး၊၊
၇၊၊ လုပ်ငန်းစမည့် နေ့ရက် ၊ အချိန်
ယခုပိုစ့်တင်သည့်ရက်မှစ၍ စေတနာ့ဝန်ထမ်းများ ခေါ်ယူပါမည်။
၈၊၊ လုပ်ဆောင်ရန် သတ်မှတ်ကြာမြင့်ချိန်ချိန်
မည်သည့်ရက်မဆို ပိတ်ရက်မရှိ၊ မိမိအားလပ်ချိန်များတွင်သွားရောက် လုပ်ကိုင်နိုင်ပါသည်။
ခြံမှ မျက်နှာဖုံး (Mask) ၊လက်အိတ် (Glove)၊ လက်သန့်ဆေးရည် (Hand Sanitizer) စသည်တို့ကိုခြံမှ ပံ့ပိုးပေးပါမယ်။
၉၊၊ လေ့ကျင့်ရေး
စေတနာ့၀န်ထမ်းများနဲ့အတူ ခြံမှကျွမ်းကျင်၀န်ထမ်းများပါ အတူလုပ်ဆောင်ကြမှာဖြစ်လို့ သီးသန့် လေ့ကျင့်ပေးစရာမလိုပါဘူး။
၁၀၊၊ ဆက်သွယ်ရန်
KuMel Volunteer Connection
09 420 738 934
မှတ်ချက်။ ။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ သနားစရာခွေးလေးတွေကို အခက်အခဲမရှိ ကယ်တင်ကုသပေးနိုင်ရန်နှင့် ကယ်တင်ပြီးသား ခွေး ၃၃၀ ကျော်အတွက် နေ့စဉ်ကျွေးမွေးစရိတ် တွေအတွက် လှူဒါန်းလိုပါက 09428313661 သို့တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
—————————————————————————————————-
1. Job title
Discovery Highlight Team (Animals Shelter) Nyaung Shwe
2. Number of Position and volunteer
No Limitation
3. Work Location
Htet Eain Village, Southern Shan State
You can ride any bus to Taunggyi. Get off Nyaung Shwe and ride a car to the shelter about 5 minutes
4. Purpose of the Position
To have a healthy life and create a better environment for handicapped animals by doing deep cleansing
5. Responsibilities
To help to expand the shelter for the animals’ living, vaccination, cleaning the dirt, cleaning the garbage under cages, spraying the pesticides in the compound, feeding animals, etc
6. Qualifications
Animal lover who must have patience
Not suitable for the people who cannot stand the smell and who has a problem in heart and lungs as they are going to help to clean the garbage
Not necessary for educational qualifications
7. Set date and time
Starting from now
8. Commitment Expected
Any days with no holidays or your free time
The animal shelter will provide mask, gloves and hand sanitizer
9. Training
No need for special training as volunteers will work with professional staff from the animal shelter
10. Contact
KuMel Volunteer Connection
09 420 738 934
Note: If you would like to donate daily feeding and to save and cure more than 330 rescued dogs, contact directly to phone number 09 428 313 661.
We share with heart, we care with love.
#SupportKumel: https://gf.me/u/x5y233
#KuMelVolunteerConnection
#ကူမယ်
#Myanmar